မြန်မာနိုင်ငံ က အကြောင်းအရာတစ်ခုခုကို သိချင်လို့Online ပေါ်တက်ရှာလိုက်ရင် ကိုယ်သိချင်တဲ့ အရာကို မြန်မာလိုရေးထားတာ မတွေ့ရသလောက်ပါပဲ။ အင်္ဂလိပ်လိုရေးထားတာကလည်း သိပ်ပြီးစုံစုံလင်လင်မရှိပါဘူး။ ဒါပေမယ့် တခြားနိုင်ငံက အကြောင်းအရာ တစ်ခုခုကို လိုချင်ရင် Online ပေါ်တတ်ပြီး ရှာလိုက်ရင် သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားနဲ့ အသေးစိတ်ရေးသားထားတဲ့ အပြင် English ဘာသာနဲ့ပါ စုံစုံလင်လင် ဖော်ပြထားကြတာကို တွေ့ရမှာဖြစ်ပါတယ်။

website-construction
အခုလို IT ခေတ်ကြီးထဲမှာ ကျွန်တော်တို့ ရွှေမြန်မာ တွေ ဘာလို့ နောက်ကောက်ကျနေရတာလဲ။မြန်မာနိုင်ငံမှာ Mobile Phone တွေကို စျေးပေါပေါနဲ့အလွယ်တကူ ဝယ်ယူလာနိုင်တဲ့ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ရွှေမြန်မာတွေဟာ Online တွေ Website တွေနဲ့ သိပ်ပြီး မစိမ်းကြတော့ဘူး။Facebook လို Social Media Website မှာတောင် Online Shopping Page လေးတွေ ဖွင့်ပြီး အရောင်းအဝယ်လုပ်လာကြတာတွေ့ရပါတယ်။
တကယ်တော့ Facebook Page ဖွင့်တယ် ဆိုတာမျိုးက စင်္ကာပူ မှာ အိမ်ခန်း ငှားနေသလိုပဲ ။ စင်္ကာပူ မှာ တိုက်ခန်းတစ်ခန်းက အခန်းလေးတွေကို ပြန်ခွဲပြီးငှားနေရတဲ့ မြန်မာတွေဟာ သူငယ်ချင်းကို ကိုယ့်လိပ်စာပေးရင် အိမ်ရဲ့ လိပ်စာပဲ ပေးလို့ရတယ်။ ကိုယ့်အခန်း လိပ်စာထိ ပေးလို့မရဘူး။ ဒီတော့ ကိုယ့်ဆီလာလည်မယ့်သူငယ်ချင်းက အိမ်ရှာတွေ့သည့်တိုင် ကိုယ့်အခန်းက ဘယ်အခန်းလဲ ဆိုတာကို တစ်ယောက်ယောက်ကိုမေးရဦးမယ့် အခြေအနေမျိုးပါ။ ပြီးတော့ အများနဲ့ စုနေရတယ်ဆိုတော့ ကိုယ်နေချင်သလို လွတ်လွတ်လပ်လပ်နေခွင့်မရှိပါဘူး။ကိုယ်တိုင်စည်းကမ်းထုတ်ခွင့်မရှိဘူး။ အိမ်သူကြီးကချမှတ်ထားတဲ့ စည်းကမ်းတွေထဲမှာပဲ နေရတယ်။
Website တစ်ခု ဆိုတာမျိုးကတော့ ကိုယ်ပိုင် အိမ်တစ်လုံးနဲ့ တူတယ်။ ကိုယ်ပိုင်လိပ်စာ ရှိတယ်။ ကိုယ်နေချင်သလို နေလို့ ရတယ်။ သူများ အခန်းမှာ နေသလို ဘာလုပ်လို့ မရဘူး ညာ လုပ်လို့ မရဘူး ဆိုတဲ့ စည်းကမ်းတွေ ကို လိုက်နာနေစရာမလိုဘူး။ကိုယ်ပိုင် စည်းကမ်းတွေကို ချမှတ်ခွင့် ရှိတယ်။ သင်ဟာ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့ သူတစ်ယောက် ဆိုရင် သူများပိုင်တဲ့ အိမ်ကြီးမှာ အခန်းတစ်ခန်းသေးသေးလေးတစ်ခန်း ငှားပြီး ရုံးခန်းဖွင့်တာထက်စာရင် ကိုယ်ပိုင် အဆောက်အဦးတစ်လုံးဆောက်ပြီး စီးပွားရေးလုပ်တာက ပိုပြီးခရီးရောက်မယ်ဆိုတာ ငြင်းစရာတောင်လိုမယ်မထင်ပါဘူး။
နိုင်ငံတကာမှာ တစ်ဦးတစ်ယောက်ခြင်း ပိုင်ဆိုင် ကြတဲ့့ ကိုယ်ပိုင် Website တွေ အများကြီး ရှိနေကြပေမယ့် ကျွန်တော်တို့ ရွေမြန်မာတွေက အခုချိန်ထိ Facebook ဆိုတဲ့ အိမ်ကြီး ထဲမှာ အခန်း ငှားနေကြတုန်း ရှိပါသေးတယ်။ ကိုယ်ပိုင် Personal Website တစ်ခု မရှိရင်တောင် လုပ်ငန်း တစ်ခု အနေနဲ့ Website တစ်ခုကတော့ မဖြစ်မနေရှိထားသင့်တယ်ဆိုတာကို ဒီအချက် ၉ ချက်က သက်သေပြနေပါတယ်
- လက်ကမ်းစာစောင်တွေ အများကြီး ရိုက်ပြီး လူတွေ အများကြီးဆီ ရောက်အောင် ဝေနေစရာ မလိုဘူး။ ကိုယ်ဘာလုပ်ငန်းတွေ လုပ်နေလဲ ဘယ်လို၀န်ဆောင်မှုမျိုးတွေ ပေးနေလဲ ဆိုတာကို အများသိအောင် လွယ်လွယ်ကူကူ လုပ်ထားနိုင်တယ်။
- ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ အင်တာနက် သုံးစွဲနေတဲ့ လူအရေအတွက်က သန်း ၂၉၀၀ (နှစ်ထောင့်ကိုးရာ) လောက်ရှိပြီး အဲဒီထဲက 90% လောက်က Website တွေပေါ်ကနေ သူတို့လိုချင်တာတွေကို ရှာဖွေ နေတတ်ကြတယ်။
- လောကနိယာမအရ အထက်မှာ ပြောခဲ့သလို အခန်းသေးသေးလေးငှားပြီးဖွင့်ထားတဲ့ စီးပွားရေးလုပ်ငန်းထက် ကိုယ်ပိုင် အဆောက်အဦးအကြီးကြီးတစ်လုံး မှာဖွင့်လှစ်ထားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ၀ယ်သူက ပိုအထင်ကြီး လေးစားမှာ အသေအချာပါပဲ။
- စားသုံးသူတွေကြားထဲ ကိုယ့် ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှု ဘယ်လောက်ထိ အောင်မြင်တဲ့ဆိုတာကို Website မှာ တစ်နေ့ တစ်နေ့ လူဘယ်နှစ်ယောက် က ၀င်ရောက် ကြည့်ရှု နေကြတဲ့ ဆိုတာမျိုးနဲ့ တိုင်းတာ ကြည့်လို့ ရတယ်။
- Website ဆိုတာမျိုးက 24/7 အလုပ်လုပ်နေတဲ့ ၀န်ထမ်းကောင်း တစ်ယောက်ပါပဲ။ ရုံးဆင်းချိန်၊ ရုံးပိတ်ရက်တို့မှာ ကိုယ်ကအေးအေးဆေးဆေးအိပ်နေပေမယ့် ကိုယ့်ရဲ့ Website ကတော့ စားသုံးသူ Customer တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနေမှာပါ။
- ကိုယ့် Customer တွေနဲ့ အဆက်အသွယ် လုပ်ဖို့ ပိုလွယ်ကူ လာလိမ့်မယ်။ Customer တွေဆီက အခက်အခဲနဲ့ ပြဿနာတွေကို ဖုန်း တစ်လုံး ရှေ့ချပြီး ငုတ်တုတ် ထိုင်စောင့်နေစရာ မလိုတော့ဘူး။
- ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု တွေကို Website ပေါ်မှာ တင်ရောင်း လို့ ရတဲ့ အတွက် ဆိုင်ခန်း ငှားခ အလုပ်သမား ငှားခ တွေ အများကြီး ချွေတာ နိုင်ပါလိမ့်မယ်။
- ကုန်ကျ စရိတ်တွေကို အများကြီး လျှော့ ချပစ်နိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကို်ယ့်ရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုတွေရဲ့ ရောင်းစျေးက အများနဲ့ယှဉ်ရင် ပိုမိုသက်သာနေတာကြောင့် ကိုယ့် ပြိုင်ဘက်တွေကို အနိုင်ယူ ကျော်ဖြတ်နိုင်ဖို့ လွယ်ကူသွားပါလိမ့်မယ်။ ကမ္ဘာကျော် Walmart Company ကြီးကို အောင်မြင်စေခဲ့တဲ့ နည်းလမ်းဟာလည်း မိမိရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို သူများထက်သက်သာတဲ့စျေးနဲ့ စားသုံးသူတွေဆီအရောက်ပို့နိုင်တဲ့ Website ကနေ တစ်ဆင့်ရောင်းချနည်းပါပဲ။
- ကမ္ဘာနိုင်ငံအသီးသီးက အလွယ်တကူကြည့်ရှုနိုင်တဲ့ Website ကနေတစ်ဆင့် ကိုယ့် ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု တွေ ကို ပြည်တွင်းစျေးကွက် တစ်ခုထဲမဟုတ်ပဲ နိုင်ငံတကာ စျေးကွက်ထိ ကုန်ကျစရိတ် သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ထိုးဖောက်နိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်း ကျော်ရှိရာ ၂၆ သန်းမှာ အင်တာနက်အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း မြို့ပြ/ ကျေးလက် နိုင်ငံအနှံ့မှ စားသုံးသူများ မိမိလုပ်ငန်း (သို့) ကုန်ပစ္စည်း အကြောင်းကို အလွယ်တကူသိရှိနိုင်ဖို့ Website အင်တာနက် စာမျက်နှာများ ရေးဆွဲလို ပါက 01 860 4303 ,09 4200 20 355 ,info@sundewmyanmar.com သို့သာ ဆက်သွယ်လိုက်ပါ။ SUNDEW MYANMAR မှ ဂုဏ်ယူစွာ ဝန်ဆောင်မှုပေးပါရစေ။
- လူကြီးမင်းတို့ လုပ်ငန်း(သို့) ကုန်ပစ္စည်း Website များအတွက် အကြံပေးဆွေးနွေးခြင်း ၊ သင့်တင့်လျောက်ပတ်မည့် Design နှင့် Website များရေးဆွဲပေးခြင်း။
- လူကြီးမင်းတို့၏ ဝန်ထမ်းများကိုယ်တိုင် Website တွင် ပုံများတင်ခြင်း ၊ လုပ်ငန်းနှင့်ပတ်သတ်သည့် Update News များရေးသားတတ်စေရန် CMS Training များပေးခြင်း။
- Google ကဲ့သို့ Search Engine များနှင့်ရှာဖွေလိုက်တိုင်း
အင်တာနက်ရှိ မြောက်မြားလှစွာသော Website များထဲမှ လူကြီးမင်းတို့၏ Webiste ကို ရှေးဦးစွာအလွယ်တကူ ရှာဖွေနိုင်ရန် SEO ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း - ရှိပြီးသား Website များကို ပိုမိုကောင်းမွန်ပြီး ခေတ်နှင့် အညီဖြစ်အောင် ပြင်ဆင်ပေးခြင်း။
စသည်တို့ကို အသင့်တော်ဆုံးစျေးနှုန်းများဖြင့် Door to Door One Stop Service ဝန်ဆောင်မှုပေးနေပါပြီ။
No responses yet