လက်ကမ်းစာစောင်များဝေခြင်း။

လူသုံးအများဆုံးနည်းလမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ မိမိလုပ်ငန်း (သို့မဟုတ်) ကုန်ပစ္စည်းအကြောင်း ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို စားသုံးသူအများအပြားရှိနိုင်တဲ့ နေရာများ ကို သွားရောက်ပြီး စာတိုက်ပုံးများတွင် ထည့်ခြင်း ၊ ခေါင်းလောင်းကြိုးများတွင်ချိတ်ဆွဲခြင်း နှင့် လမ်းသွားလမ်းလာများကို ဖြန့်ဝေရမှာဖြစ်ပါတယ်။ တစ်ချို့ကတော့ လက်ကမ်းစာစောင်တွေကြားမှာ Free Ticket (သို့မဟုတ်) Discount Coupon များညှပ်ပေးခြင်းဖြင့် စားသုံးသူကို ပိုမိုဆွဲဆောင်ကြပါတယ်။

ပိုစတာများကပ်ခြင်း

Supermarket တွေ ၊ ပန်းခြံတွေ နဲ့ စားသောက်ဆိုင်တန်းတွေ လို လူသွားလူလာ အရမ်းများတဲ့ နေရာတွေမှာ ပိုစတာများကပ်ခြင်းဖြင့်လည်း မိမိလုပ်ငန်း (သို့မဟုတ်) ကုန်ပစ္စည်းအကြောင်းကို လူအများအပြားသိရှိစေနိုင်ပါတယ်။အရေးကြီးတာတစ်ခုကတော့ မိမိရဲ့ ပိုစတာဟာ လူစိတ်ဝင်စားလောက်တဲ့ Design ဖြစ်နေဖို့ပါပဲ။

လက်ဆောင်ပေးခြင်း။

အရမ်းကိုထိရောက်တဲ့နည်းလမ်းတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။ ကမ္ဘာကျော် Coca Cola လို Company ကြီးတွေတောင်အခုချိန်ထိ တစ်စိုက်မတ်မတ်အသုံးပြုနေရတဲ့ နည်းလမ်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။မိမိရဲ့ ဝန်ဆောင်မှု (သို့မဟုတ်) ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲသည့် စားသုံးသူများကို မိမိ်၏ ကုန်ပစ္စည်းများ (သို့မဟုတ်) အခြားသော ပစ္စည်းများကို လက်ဆောင်အဖြစ်ပေးခြင်းဟာ မိမိလုပ်ငန်း (သို့) ကုန်ပစ္စည်းများအပေါ် လူအများစိတ်ဝင်စားအောင်ဆွဲဆောင်နိုင်ရုံသာမကပဲ ရောင်းအားကိုလည်း ပိုမိုမြှင့်တင်နိုင်ပါတယ်။

စားသုံးသူများကို မျက်ခြေမပျက်စောင့်ကြည့်ခြင်း။

မိမိရဲ့ Customer တွေက မိမိရဲ့ လုပ်ငန်း (သို့) ကုန်ပစ္စည်းအကြောင်းကို ဘယ်နေရာကနေအများဆုံးသိရှိကြသလဲဆိုတာကို မျက်ခြေမပြတ်ဖို့လိုပါတယ်။
စားသုံးသူများထံမှ အလျဉ်းသင့်သလို စစ်တမ်းကောက်ယူထားတဲ့
“လုပ်ငန်း (သို့) ကုန်ပစ္စည်းအကြောင်းကို ဘယ်လိုသိသလဲ”
“လုပ်ငန်း (သို့) ကုန်ပစ္စည်းကို ဘာ့ကြောင့်ရွေးချယ်တာလဲ”
သူတို့ဘာတွေထပ်လိုချင်သေးလဲ ” စတဲ့ အချက်အလက်တွေဟာလည်း မိမိလုပ်ငန်း (သို့) ကုန်ပစ္စည်းများ ကို လူသိများအောင်ပြုလုပ်တဲ့ Campaign တွေအောင်မြင်အောင် များစွာ ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

ဖုန်းခေါ်ဆိုခြင်း။

လုပ်ငန်းတော်တော်များများအနေနဲ့ လုပ်ဆောင်ဖို့ အင်မတန်ခက်ခဲလှတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မိမိဖုန်းခေါ်တဲ့ အချိန်မှာ တစ်ဖက် က ဖုန်းပြောဖို့အဆင်မပြေတာ ၊ ခေါ်ဆိုလိုက်တဲ့ နံပါတ်မှားနေတာ ၊ ဖုန်းပိတ်ထားတာ ၊ ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတာ အစရှိတဲ့ အဆင်မပြေမှုများစွာနဲ့ ကြုံရမှာ ၉၀ % ခန့်သေချာနေသော်လည်း ဖုန်းခေါ်ဆိုခြင်းဟာ မိမိရဲ့လုပ်ငန်း (သို့) ကုန်ပစ္စည်းအကြောင်းကို စားသုံးသူများ သေသေချာချာ သိရှိစေနိုင်ဖို့ အကောင်းဆုံးအချက်တွေထဲကတစ်ခုဖြစ်ပါတယ်။

အင်တာနက်အသုံးပြုခြင်း။

၂၀၁၆ ခုနှစ်မှာ ကမ္ဘာလူဦးရေဟာ သန်း ရ၄၀ ကျော်ဖြစ်ပြီး ၄င်းရဲ့ တစ်ဝက်ဟာ အင်တာနက်အသုံးပြုသူတွေဖြစ်လာကြပါတယ်။၂၁ ရာစုရဲ့ နည်းပညာ ခေတ်ပြောင်းတော်လှန်ရေးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အင်တာနက် ဟာ မိမိရဲ့လုပ်ငန်း (သို့) ကုန်ပစ္စည်းအကြောင်းကို စားသုံးသူတွေသိရှိစေနိုင်ဖို့ ငွေကြေးကုန်ကျမှု အသက်သာဆုံး ၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး လမ်းကြောင်းတစ်ခုဆိုတာ လုံးဝငြင်းမရတဲ့ အချက်ဖြစ်ပါတယ်။ မိမိလုပ်ငန်း (သို့) ကုန်ပစ္စည်းအကြောင်းကို အင်တာနက်စာမျက်နှာတွင် ရှိနေစေခြင်းကြောင့် စားသုံးသူများမှ မိမိကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအကြောင်းကို ၂၄ နာရီ နေ့ ၊ ည အချိန်မရွေး သိရှိနိုင်မှာဖြစ်ပါတယ်။ ရုံးနားချိန်နှင့် ရုံးပိတ်ရက်တွေမှာပါ မိမိကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေကို အရောင်းမြှင့်တင်ပေးနိုင်မယ့် အင်တာနက်စာမျက်နှာတွေဟာ မျက်မှောက်ခေတ်မှာတော့ လူသုံးအများဆုံး နဲ့အောင်မြင်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Please download the package and price list here

Categories:

No responses yet

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.