E-Mail concept

E-Mail concept

နိုင်ငံတကာ မှ စီးပွားရေး လုပ်ငန်းအများစု ဟာ ယခု ၂၁ ရာစုမှာ E-mail Marketing ကို အသုံးပြု လာကြပါပြီ။ E-mail Marketing ဆိုတာကတော့ သင့်လုပ်ငန်း သင့် ကုန်ပစ္စည်း အကြောင်းကို စားသုံးသူ တွေ သိရှိလာအောင် Marketing လုပ်ဖို့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ယခု ၂၁ ရာစုမှာ လူတိုင်းနီးပါး ကိုယ်ပိုင် E-mail Account တွေ တည်ရှိပြီး စီးပွားရေး လူမှုရေး တွေမှာ ဆက်သွယ်ဖို့ အသုံး ပြုနေကြပါပြီ။ ဒီတော့ E-mail Marketing လုပ်ခြင်းဖြင့် သင့်ကုန်ပစ္စည်း တွေ အကြောင်းကို စားသုံးသူ အများစုက အလွယ်တကူ သိရှိလာနိုင်ပြီး နှစ်သက် သဘောကျတဲ့ စားသုံးသူ အချို့က လိုအပ်လျှင် အချိန်မရွေး ထုတ်ကြည့်လို့ ရအောင် သူ့တို့၏ Mail Box တွေ ထဲမှာ သင့် E-mail တွေကို သိမ်းဆည်း ထားကြပါလိမ့်မယ်။

ဒီလို သင့်လုပ်ငန်း (သို့) သင့်ကုန်ပစ္စည်း အကြောင်းကို စားသုံးသူတွေ ဆီ E-mail ဘယ်လို ပို့်မလဲ?

အကြမ်းအားဖြင့်တော့

ပထမ အချက် အနေဖြင့် သင့် လုပ်ငန်း (သို့) သင့် ကုန်ပစ္စည်း အကြောင်းကို တကယ်သိရှိလိုမယ့် စားသုံးသူတွေ့ ရဲ့ E-Mail List သင့်ဆီမှာ ရှိနေရပါလိမ့်မယ်။

ဒုတိယ အချက် အနေဖြင့် သင့် လုပ်ငန်း (သို့) သင့် ကုန်ပစ္စည်း အကြောင်းကို လက်ခံရရှိ မယ်သူ စိတ်ကျေနပ်မှု ရှိစေမယ့် E-mail Template မျိုး ရှိနေဖို့ လိုအပ်ပါတယ်။ E-mail Template မသုံးပဲ ရိုးရိုး မေးလ်ပို့ ရင် မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့် သင့်လုပ်ငန်း ဘယ်လောက် ကြီးကျယ် ခမ်းနားတယ် ဆိုတာ သိဖို့ အတွက် First Impression ကအလွန် အရေးကြီးလှပါတယ်။ ဒါကို သင့်က ပုံမှန် E-mail တွေနဲ့ စားသုံးသူတွေဆီ ပို့မယ်ဆို သင့် လုပ်ငန်းကို စားသုံးသူက ဘယ်လို မြင်သွားမလဲ။

တတိယ  အချက် အနေနဲ့ သင့်ဆီမှာ E-mail Service တစ်ခု ရှိရပါလိမ့်မယ်။

ကဲ သင့်ဆီမှာ မေးလ် ပို့ဖို့ အားလုံး အဆင်သင့် ဖြစ်ပြီးဆိုရင်တောင် ပို့လိုက်တယ် E-mail က စားသုံးသူ ဘယ်နှစ်ယောက်ဆီကို ရောက်သွားလဲ ဆိုတာ သိဖို့ လိုပါလိမ့်မယ်။ ဒါမှာ သင့် Marketing Strategy က ဘယ်လောက်ထိ အောင်မြင်တယ် ဆိုတာကို သင် တိုင်းတာနိုင်မှာပဲ ဖြစ်တယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်း ကျော်ရှိရာ ၂၆ သန်းမှာ အင်တာနက်အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း မြို့ပြ/ ကျေးလက် နိုင်ငံအနှံ့မှ စားသုံးသူများ မိမိလုပ်ငန်း (သို့) ကုန်ပစ္စည်း အကြောင်းကို အလွယ်တကူသိရှိနိုင်ဖို့ SUNDEW MYANMAR ရဲ့ E-mail Marketing Service Team ကို ဆက်သွယ်လိုက်ပါ။

လူကြီးမင်းတို့ လုပ်ငန်း(သို့) ကုန်ပစ္စည်း များအတွက်  E-Mail Marketing နှင့် ပတ်သတ်ပြီး အခမဲ့ အကြံပေးဆွေးနွေးခြင်း ၊သင့်တင့် လျောက်ပတ်မည့် E-mail Template များရေးဆွဲပေးခြင်း၊ စျေးနှုန်း သက်သာစွာဖြင့် လူကြီးမင်းတို့ E-Mail များကို ပို့ဆောင် ပေးခြင်း၊ E-Mail Report များ ထုတ်ပေးခြင်း စသည်တို့ကို အသင့်တော်ဆုံးစျေးနှုန်းများဖြင့် SUNDEW MYANMAR မှ One Stop Service ဝန်ဆောင်မှုပေးနေပါပြီ။

Categories:

No responses yet

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.