လူကြိုက်များပြီး ‘Facebook Shops’ ဟု လူသိများသော Facebook stores များသည် ကုန်ကျစရိတ် အနည်းဆုံးဖြင့် ကျယ်ကျယ်ပြန့်ပြန့်  audience ထံသို့ ရောက်ရှိရန် မျှော်လင့်ကြသည့် လုပ်ငန်းရှင် အသစ်များအတွက် အကြိုက်ဆုံးဖြစ်လာသည်။ ဝါရင့်စီးပွားရေးလုပ်ငန်း တော်တော်များများလည်း online platform ကို အသုံးပြုနေကြသည်ဟု ပြောလျှင် မှားမည် မဟုတ်ပါ။

Facebook Store သည် audience များကို ရှာဖွေပြီး သင်၏ products and services များကို ရောင်းချရန် အကောင်းဆုံးနည်းလမ်း ဖြစ်သော်လည်း ပိုမိုမြင့်မားသော ရောင်းအားနှင့် ဘက်စုံတိုးတက်မှုကို ရရှိရန် ရည်ရွယ်ထားသည့် e-Commerce platform ကို စွန့်လွှတ်ရန် ဖြစ်နိုင်ချေရှိသော အစားထိုးခြင်း (သို့မဟုတ်) အကြောင်းပြချက် လုံးဝမရှိပါ။

Facebook Store သည် သင့်အား ၀ယ်ယူသူ သန်းပေါင်းများစွာသော လူများအကြား ကူညီပေးနိုင်သည်။ သို့သော် ၎င်းသည် သင်၏ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုကို မိတ်ဆက်ပေးရန်အတွက် အနည်းငယ်မျှသာ အထောက်အကူဖြစ်သည်။ အထူးသဖြင့် competitor (စျေးကွက်ပြိုင်ဘက်) များနှင့် ပြည့်နှက်နေသည်။

များစွာသော e-Commerce business house များက Facebook Store သည် သုံးစွဲသူများ၏ အာရုံကို ဝေမျှခြင်းဖြင့် နောက်ပြန်လှည့်သွားနိုင်သည်ဟု ယူဆကြသည်။ တစ်နည်းပြောရလျှင် သင်သည် products and services များကို မိတ်ဆက်ပေးမယ့် golden window ကို လွယ်လွယ်ကူကူ ဆုံးရှုံးသွားနိုင်ပြီး customer များ၏ loyalty နှင့် company credibility ကို ဦးတည်စေမည့် first impression ကို တည်ဆောက်နိုင်ပါသည်။

Facebook Shop သည် ကောင်းမွန်သော platform တစ်ခုဖြစ်ပြီး ယနေ့အချိန်တွင် Facebook store များကို ပြုလုပ်သည့် အသေးစားနှင့် အလတ်စား စီးပွါးရေးစာမျက်နှာမှာ သန်း ၅၀ ကျော်ရှိနေပြီဖြစ်ပါသည်။

အကယ်၍ သင်သည် သင့်စီးပွါးရေး၏ brand ကို ဖန်တီးရန်နှင့် တသမတ်တည်း ကြီးထွားမှုကိုအချိန်ပိုပေးလိုပါက Facebook store သည် သင်၏စီးပွားရေး နည်းဗျူဟာတစ်ခုလုံး မဖြစ်နိုင်ပါ။ ၎င်းသည် ဦးဆောင်ခြင်း၊ ရောင်းချခြင်းနှင့် အမြတ်ရရှိခြင်းအတွက် နည်းလမ်းများစွာထဲက တစ်ခုသာ ဖြစ်သည်။

ထို့ကြောင့် သင်သည် သင်၏လုပ်ငန်းအတွက် ပိုမိုကျယ်ပြန့်သော အမြင်ရှိပါက သင်၏စီးပွားရေးအတွက် သီးသန့်  website တစ်ခု ထားရှိခြင်းကို လုံးလုံးလျားလျား စွန့်လွှတ်နိုင်သည်ဟု ယူဆခြင်းသည် အကောင်းဆုံးသော နည်းဗျူဟာမဟုတ်ပါ။ အကြောင်းပြချက် အမျိုးမျိုး ရှိပါသေးသည်။ အချို့မှာ စီးပွားရေးဥာဏ်ပညာဖြင့် အခြေပြုပြီး အချို့မှာ သာမန်အသိသာ ဖြစ်သည်။


Complete Ownership

e-Commerce website သည် သင်၏ မီဒီယာအမှတ်တံဆိပ် တစ်ခုလုံးကို လွတ်လပ်စွာ ထိန်းချုပ်ခွင့်ပေးသည်။ အကျိုးကျေးဇူး အတော်များများသို့လည်း ဦးတည်စေသည်။ ဥပမာအားဖြင့် သင်သည် သင်၏ ကုန်အမှတ်တံဆိပ်ကို သင့်ကိုယ်ပိုင် စည်းကမ်းချက်များနှင့် တည်ဆောက်နိုင်သည်။ သင်၏ အမှတ်တံဆိပ် တည်ဆောက်ခြင်း လုပ်ငန်းစဉ်အပေါ် သင်ပိုမိုထိန်းချုပ်နိုင်လေ သင်၏ customer များအား ပိုကောင်းသော story များကို ပိုပြောပြနိုင်လေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်ပြောသည့် story များသည် customer များ၏ loyalty ကို သေချာစေသည့် နေရာမှာ အရေးကြီးပါသည်။ အခြားတစ်ဖက်တွင်မူ Facebook သည် Third Party website လည်း ဖြစ်သည်။ Facebook ၏ စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရမည်။ အစဉ်မပြတ် ပြန်လည်သုံးသပ်ရန်လည်း လိုအပ်သည်။ ဤအရာအားလုံးကို လက်ခံနိုင်သေးသော်လည်း Facebook သည် social website တစ်ခု သာဖြစ်ပြီး e-Commerce website တစ်ခုမဟုတ်ကြောင်း ကျွန်ုပ်တို့ သတိရသင့်သည်။ ဆိုလိုသည်မှာ လူများသည် သူတို့၏ ရင်းနှီးသော အမြင်များကို အပြန်အလှန် မျှဝေခြင်းဖြင့် သင့်ကုန်အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အငြင်းပွါးဖွယ်ရာမျာ းဆက်လက်ဖြစ်ပွါးနေမှုများကို ထောက်ခံအားပေးသူများ ဖြစ်လာသည်။ ဤအချက်သည် သင်၏ ကုန်အမှတ်တံဆိပ်အတွက် လွန်စွာဆိုးရွားနေပြီ ဖြစ်ပြီး များစွာသော business house များသည်လည်း သူတို့၏ account များကို ဖျက်သိမ်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများကို ခံစားကြရသည်။ ဆိုလိုသည်မှာ သင့် customer base ကို ဖျက်သိမ်းခြင်းကို ဆိုလိုသည်။ မည်သည့် ပညာရှိစီးပွားရေး လုပ်ငန်းရှင်မဆို ဤတစ်ခုတည်းကပင် Facebook store ကို မှီခိုမည့်အစား ခိုင်မာသော e-Commerce website တစ်ခု ထားရှိရန် လုံလောက်သော အသိပေးချက်ဖြစ်သည်။


Multiple Streams of Revenue

Business website တစ်ခုသည် သင့်အား ကြော်ငြာနေရာ ရောင်းရန်နှင့် sponsor ကြော်ငြာကို လုပ်ရန်ခွင့်ပြုသည်။ ၎င်းသည် ဝင်ငွေပိုမိုရရှိရန် သိသိသာသာ အထောက်အကူ ပြုနိုင်သည်။ သင်သည် သင်၏ ကိုယ်ပိုင်စျေးနှုန်းများကို သတ်မှတ်ခြင်းနှင့် ကြော်ငြာစာရင်း စီမံခန့်ခွဲခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။ ၎င်းသည် သင်၏ မြင်သာမှုကို တိုက်ရိုက်သက်ရောက်မှု ရှိစေပြီး ၀င်ငွေရခြင်းမှာလည်း သင်၏ရောင်းအား တစ်ခုတည်းမှ မဟုတ်ကြောင်း သေချာစေသည်။

Facebook Store တစ်ခုက သင့်ကို ကြော်ငြာစရာ နေရာအားသာချက် တစ်ခုတည်းကို ပေးသည်။ Facebook store ကို တည်ထောင်ခြင်းသည် website ထက် ပိုမိုလွယ်ကူပြီး စျေးနှုန်းချိုသာသည်မှာ သေချာသည်။ သို့သော် ပိုမိုနက်ရှိုင်းသော ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ခွဲခြမ်းစိတ်ဖြာမှုတို့ ပြုလုပ်နိုင်ရန်မှာ e-Commerce website တစ်ခု ရှိရန်လိုအပ်သည်။


Statistics and Data-Metrics

Business website တစ်ခုဖြင့် သင်၏ statistics ကို လျှို့ဝှက်ထားနိုင်သည်။ ဥပမာ-အလွန် အရေးကြီးသည့်အချက် ဖြစ်သော်လည်း အခြားစီးပွားရေး လုပ်ငန်းများက အလွယ်တကူ လျစ်လျူရှုထားနိုင်သည်။ စာရင်းအင်းများသည် အရေးကြီးသော ထိုးထွင်းသိမြင်မှုကို ဖော်ပြပြီး မည်သူ တစ်ဦးတစ်ယောက်မှမဆို page ကိုကြည့်ရှုခြင်း၊ hits သို့မဟုတ်ထူးခြားသော visitors များကဲ့သို့ သတင်းအချက်အလက် အားလုံးကို သင်ခြေရာခံနိုင်သည်။ တစ်နည်းအားဖြင့် သင်၏ပြိုင်ဘက်များ အပါအ၀င် လူတိုင်း ကြည့်ရှုနိုင်သော Facebook Shop page တစ်ခုထက် ပိုပြီး သတင်းအချက်အလက်များ၊  fan-base များ၊ မှတ်ချက်များ၊ ထုတ်ကုန် / ၀န်ဆောင်မှုနှင့် ပတ်သက်၍ သူတို့ ကြိုက်နှစ်သက်သည့် အရာများ ၊ သူတို့ ကြိုက်နှစ်သက်ခြင်း မရှိခြင်းသည့်အရာများ၊ သူတို့ မျှော်လင့်ထားသည့် မည်သည့်ဆန်းသစ်တီထွင်မှု စသည်စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ပြန်ထွက်လာသည်။

ဤအချက်အလက် များသည် တန်ဖိုးကြီးသည်။ သင်၏ ပြိုင်ဘက်နဲ့ ပတ်သက်၍ အဆင့်များစွာတွင် သိသိသာသာ ကူညီနိုင်သည်။ ၎င်းအပြင် ပြိုင်ဘက်များသည် Facebook page တစ်ခုတွင် သင့်ထက်ပိုပြီး fan base ကို ရိပ်မိအောင် လှည့်စားတတ်ဖို့ Mal-practices တွေကို လုပ်လေ့ရှိပါသည်။ ထိုကဲ့သို့သော မှားယွင်းသော အချက်အလက်များသည် တန်ပြန်အကျိုးဖြစ်ထွန်းပြီး အန္တရာယ် ဖြစ်စေနိုင်သောကြောင့် သင်၏ အကောင်းဆုံး ဆုံးဖြတ်ချက်များကို အဆိုးရွားဆုံးအဖြစ် ပြောင်းလဲနိုင်သည်။ ပိုဆိုးသည်က Facebook shop page များမှ တစ်ဆင့် သင့်စီးပွါးရေး မဟာဗျူဟာကို အလွယ်တကူ ဖော်ထုတ်နိုင်ပါလိမ့်မည်။


Design Revamp

e-Commerce website သည် သင်၏ အကောင်းဆုံး စျေးကွက်ရှာဖွေရေး ကိုယ်စားလှယ်ဖြစ်သည်။ Facebook စာမျက်နှာရှိ Facebook store များတွင် ကြည့်ရှုရသည့် look များ appearance များမှာ အတူတူပင် ဖြစ်သည်။ Website တွင်မူ Brand ကို အောင်မြင်စွာ ထူထောင်နိုင်သည့် ထူးခြားသော အသုံးပြုသူ အတွေ့အကြုံအတွက် သင်၏ Brand Vision, Branding Goals နှင့် အညီ သင်၏ page ကို ဒီဇိုင်းဆွဲနိုင်သည်။ သင်၏ စီးပွါးရေး ရည်မှန်းချက်များသည် website နှင့်အညီ တဖြည်းဖြည်း တိုးတက် ပြောင်းလဲလာနိုင်သည်။

အခြား တစ်ဖက်တွင်မူ Facebook page တစ်ခုက သင့်အား Logo တစ်ခုသာ ထည့်ရန်ခွင့်ပြုသည်။ သင်၏ Facebook စာမျက်နှာ ပေါ်တွင် information update စတင်ပေါ်ပေါက်မှသာ page ပေါ်တွင်လည်း latest information များကို သင်သိနိုင်ပေမည်။


THE GOOGLE Advantage

Website တစ်ခုတည်းက သာလျှင် google ရှာဖွေခြင်းတွင် ပိုမိုကြည့်ရှုနိုင်ခြင်း၏ အားသာချက်ကို သေချာစေသည်။ ၎င်းသည် သင်၏ အကြောင်းအရာများကို manage လုပ်ရန်၊  google search တွင် သင့်အတွက် potential ရှိသော customer များရှာဖွေနေသည့် keywords များနှင့် phrases များကိုလည်း သိနိုင်သည်။ဒီအားသာချက်သည် သင်၏စီးပွါးရေး လုပ်ငန်းအပေါ်တွင် ကျွမ်းကျင်ပိုင်နိုင်မှုကို သေချာစေရန် ညှိနှိုင်း ပေးနိုင်သည်မှာ ပြောစရာပင် မလိုတော့ပေ။ Goggle Search တွင်မြင်ရခြင်းက Facebook Store မှ ခွင့်မပြုသည့် အရေးကြီးသော အသုံးပြုသူ အပြုအမူဆိုင်ရာ အချက်အလက်များကို ယူဆောင်လာပေးသည်။ Facebook page တစ်ခုကို google search မှ တွေ့ရှိနိုင်သည်။ သို့သော် ၎င်းသည်သင့်အား website ၏ မြင်သာမှု အားသာချက်များနှင့် SEO control(SEO – Search Engine Optimization)ကိုမူ မပေးချေ။ Facebook Store သည် သုံးစွဲသူများ အပြန်အလှန်ဆက်သွယ်မှုကို မြှင့်တင်ရန်နှင့် ထိတွေ့ဆက်ဆံမှုကို လွယ်ကူချောမွေ့စေရန် အလွန်ကောင်းသော်လည်း ၎င်းသည် သင့် e-Commerce website ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။


Less Information,Lesser Conversion

သင်၏ e-Commerce website သည် သင်၏ business website ဖြစ်သည်။  Information ရရှိရန် သင်၏ potential customer များနှင့် အပြန်အလှန် interact လုပ်ခြင်း ဖြစ်သည်။ e-Commerce website သည် targeted audience နှင့် organic traffic ကို ပိုမိုသယ်ဆောင်ပေးသည်။ ၎င်းတို့အား သင်ကမ်းလှမ်းသော အခြား၀န်ဆောင်မှုများ ထုတ်ကုန်များနှင့်လည်း ဖော်ထုတ်နိုင်သည်။ Website တစ်ခုသည် သင်၏ E-A-T(Expertise ,Authority and Trustworthiness) အချက်ကို သိသိသာသာ မြင့်တက်စေသည်။

Facebook page သည် သင်၏ audience ကြည့်ရှုရန် ရှာဖွေနိုင်မည့် အချို့သော ပြည့်စုံသည့် information များကို ပြသနိုင်သည်။ ဆိုလိုသည်မှာ များစွာသော conversion များကိုမူ လိုက်နာလိမ့်မည် မဟုတ်ပါ။ သင်၏ စီးပွားရေးအကြောင်း အသုံး၀င်သော information ကို page ပေါ်တွင် အလွယ်တကူမရနိုင်ပါ။ သင်၏ဖုန်းနံပါတ်၊ လိပ်စာနှင့်help page တစ်ခု ပါရှိကောင်း ရှိလိမ့်မည်။ customer များစွာသည် သင်မည်သူဖြစ်သည်နှင့် သင်၏ ကုမ္ပဏီ vision ကားအဘယ်နည်း၊ အထူးသဖြင့် သင်မည်သည့် ၀န်ဆောင်မှုများကို ပေးသည်ဆိုသော အချက်ကို အနည်းငယ်သာ ရှာဖွေလိုသည်။


Number of Users

e-Commerce website သည် သင်၏ internet တည်ရှိမှုကို အမှတ်အသားပြုရုံ၊ သင်၏ စီးပွားရေးကို ကြီးမားသော audience စုဆောင်းမှု များနှင့် potential ရှိသော customer များထံ သင့်အား လက်လှမ်းမီစေရုံသာမက လူအများနှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ပြီး သင်၏ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုများကို ရောင်းချရန် အခွင့်အရေး ပေးသေးသည်။

ကမ္ဘာတစ်ဝှမ်းတွင် Facebook သုံးစွဲသူ ဦးရေသည် 2.27 billion ရှိပြီး အင်တာနက်သုံးစွဲသူ ဦးရေမှာ 4 billion ရှိသည်။ ထို့ကြောင့် limit ဘယ်လောက် ရှိသည်ကို ရှင်းလင်းစွာ သိနိုင်သည်။ Business houses နှင့် customer အချိုးသည်လည်း ကျယ်ပြန့်သည်။ ဆိုလိုသည်မှာ ကိုင်တွယ်ရန် ပိုမိုအာရုံစိုက်ထားသော ပြိုင်ဆိုင်မှုဖြစ်သည်။


Conclusion

အခြေခံအားဖြင့် Facebook Store သို့မဟုတ် အခြား social media store များက သင်၏ ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို သူတို့၏ platform ပေါ်တွင် စုစည်း၍ ပြသရန်ခွင့်ပြုသည်။ သို့သော် သင်တို့က ၎င်း၏ပြီးပြည့်စုံသော utility ကို judge လုပ်ရန်အတွက်သတိထားရပေမည်။ ၎င်းသည် အခမဲ့ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ၎င်း၏တန်ဖိုးကို ခန့်မှန်း တွက်ချက်လေ့ ရှိသည်။ အကယ်၍ တစ်နေ့တွင် platform ကို သူတို့ ပိတ်လိုက်ရင်ကော။ သင့်မှာ တိုင်တန်းပိုင်ခွင့်မရှိ ဆိုသည်ကို သတိရသင့်သည်။ သင်ဟာ ဒီ platform ကို အသုံးပြုသူသာဖြစ်ပြီး အစုရှယ်ယာရှင် သို့မဟုတ် ပိုင်ရှင် မဟုတ်ပါ။ နောက်ဆုံးတွင် သင်သည် customer အမြောက်အများကို ဆုံးရှုံးသွားပြီး စီးပွါးရေး မလုပ်နိုင်တော့သည်အထိ ဖြစ်သွားနိုင်ပေသည်။

Social Media ကို သုံး၍ အောင်မြင်သော e-Commerce platform များကဲ့သို့ သင်၏ website သို့ အသွားအလာ အားလုံးကို မောင်းနှင်နိုင်သည်။ သို့ဖြစ်လျှင် သင်သည် customer များ၏ စာရင်းကို သိမ်းဆည်းထားနိုင်ပြီး လိုအပ်လျှင် ၎င်းတို့နှင့် ဆက်သွယ်နိုင်သည်။

တစ်စုံတစ်ဦး၏ platform ပေါ်တွင် စီးပွားရေးတစ်ခု တည်ဆောက်ရန်ထက် သင်၏ ကိုယ်ပိုင် website တစ်ခုခုတွင် ရင်းနှီးမြှုပ်နှံရန် ပို၍ ယုတ္တိရှိသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းပိုင်ရှင်များကို website တစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် ကျွန်ုပ်တို့ အထူးအကြံပြုလိုပါသည်။ ၎င်းသည် robust digital တည်ရှိမှုကို သေချာစေရန် online ပေါ်တွင် သင်၏စီးပွါးရေးလုပ်ငန်းများ တိုးတက်ရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။


Categories:

Tags:

No responses yet

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.