Mobile App

May 14, 2016

ကမ္ဘာလူဦးရေရဲ့ သန်းပေါင်း ၄ ထောင်ကျော်ဟာ Mobile ပစ္စည်းအသုံးပြုသူများဖြစ်ကြပါတယ်။ ဤသို့များပြားလှတဲ့ User များအတွက် လိုအပ်တဲ့  Mobile Application များကို SUNDEW MYANAMR မှ Customer များစိတ်တိုင်းကျသည်အထိ ရေးဆွဲဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Android

တစ်ကမ္ဘာလုံးမှာ အသုံးပြုနေကြတဲ့ Mobile Device တွေ အားလုံးရဲ့ ရ၅ ရာခိုင်နှုန်း Andriod OS ပစ္စည်းတွေဖြစ်ကြပါတယ်။ ဒါ့ကြောင့် ယနေ့ခေတ်မှာ အောင်မြင်ကျော်ကြားပြီးသား စီးပွားရေးလုပ်ငန်းကြီးတွေ နဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ သာမက လူမှုရေးအသင်းအဖွဲ့ နဲ့ iNGO တွေပါ မိမိလုပ်ငန်းရဲ့ လည်ပတ်မှုတွေ ပိုမိုအဆင်ပြေချောမွေ့အောင် ဒီလို အသုံးပြုသူများပြားလှတဲ့ Android OS Mobile Device တွေအတွက် Mobile Application Software တွေဖန်တီးရေးဆွဲလာကြပါတယ်။ SUNDEW MYANMAR IT Company အနေနဲ့လည်း Andriod Mobile Application ရေးဆွဲမှုတွေကို Customer များစိတ်တိုင်းကျသည်အထိ ဝန်ဆောင်မှုများပေးနေပါတယ်။Android

Andriod OS တွေဟာ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေတာကြောင့် Android Application ရေးဆွဲမယ့် IT နည်းပညာသမားတွေအနေနဲ့ အမြဲမပြတ် ရှာဖွေ ကြိုးစား လေ့လာ ရမယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။SUNDEW MYANMAR မှ Andriod Application Developer တွေရဲ့ သန္တိဌာန်ကတော့ အမြဲမပြတ်လေ့လာဆည်းပူနေတဲ့ အသိပညာအတတ်ပညာတွေကို အစွန်းကုန်အသုံးချပြီး User များအတွက် အသုံးပြုရ လွယ်ကူရုံသာမက တကယ်ကို အသုံးတည့်မယ့် Andriod Application တွေ ဖန်တီး ထုတ်လုပ်နိုင်ဖို့ဖြစ်ပါတယ်။ Andriod Application တွေ ဖန်တီးတဲ့အခါ SUNDEW MYANMAR ရဲ့ Android Team အနေနဲ့ အသုံးပြုလေ့ရှိတဲ့ Tools တွေကတော့ Android SDK, Media APIs, Location-based Service APIs, Wi-Fi APIs, security architecture, OpenGL and 3D graphics တွေပဲဖြစ်ပါတယ်။

 

iOS

အစဉ်အလာနဲ့ အရှိန်အဝါကြီးမားမှု တွေနဲ့ တခမ်းတနားလင်းလက်တောက်ပလှတဲ့ iOS တွေဟာ Mobile ပစ္စည်းတွေအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပါတယ်။စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကတော့ ကိုယ်ပိုင် iOS Application များရေးဆွဲဖြန့်ချိခြင်းဟာ မိမိလုပ်ငန်းရဲ့ Branding မြှင့်တင်ခြင်းနည်းစနစ်တစ်ခုလို့တောင် လက်ခံ ကျင့်သုံးလျက်ရှိပါတယ်။ SUNDEW MYANMAR ရဲ့ iOS Developing Team က Customer များအတွက် သေသပ်လှပပြီး Smart ကျ တဲ့ Design တွေနဲ့ iOS Application တွေကို Native ရော Cross Platform နှစ်ခုလုံးနဲ့ ရေးဆွဲပေးနေပါတယ်။iOS

SUNDEW MYAMAR ရဲ့ iOS Team က နောက်ဆုံးပေါ် နည်းပညာတွေ နဲ့ Customer တွေရဲ့ ခမ်းနားဆန်းသစ်လှတဲ့ စိတ်ကူးအိမ်မက်တွေကို ထုဆစ်ပုံဖော်ပေးဖို့ အမြဲ အသင့်ရှိနေပါတယ်။ တီထွင်ဖန်တီးထုတ်လုပ်သမျှ iOS Application တွေတိုင်းကို အကောင်းဆုံးနဲ့ အစုံအလင်ဆုံးဖြစ်ဖို့ အမြဲ ကြိုးစားနေတဲ့ SUNDEW iOS Team က Developer တွေဟာ including web services, social media integration, streaming, GPS, maps, augmented reality, push messaging, ad serving, web services integration and database synchronization အပိုင်းတွေမှာလည်း ရင်းနှီးကျွမ်းဝင်မှုရှိကြပါတယ်။

တကယ်လို့ မိတ်ဆွေအနေနဲ့ Mobile Application ရေးဆွဲဖို့ စိတ်ကူးရှိတယ်ဆိုရင် ဘယ်လို Application တစ်ခုလိုချင်တယ်ဆိုတာ သိပါရစေ။